ကိုယ်ရေးအချက်အလက် မူဝါဒ

နောက်ဆုံး ပြင်ဆင်သည့်ရက်: ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်

ဒီစာမျက်နှာက ZayPOS app က ဘယ်အချက်အလက်တွေ ယူလဲ၊ ဘာအတွက် သုံးလဲ၊ ဘယ်မှာ သိမ်းလဲ၊ ဖျက်ခိုင်းချင်ရင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ရှင်းပြထားပါတယ်။

၁။ Google နဲ့ ဝင်တဲ့အခါ

ZayPOS ကို Google အကောင့်နဲ့ ဝင်ရပါတယ်။ Google က ကျွန်ုပ်တို့ကို သင့်ရဲ့ အမည်၊ အီးမေးလ်လိပ်စာနဲ့ Google အကောင့် ID ကို ပေးပါတယ်။ ဆာဗာမှာ Google အကောင့် ID (သင် ဘယ်သူလဲ သိဖို့) နဲ့ အီးမေးလ်လိပ်စာ (အကူအညီ တောင်းတဲ့အခါ သင့်အကောင့်ကို ရှာဖို့) ကို သိမ်းပါတယ်။ သင့် Google စကားဝှက်ကို ကျွန်ုပ်တို့ မမြင်ရ၊ မသိမ်းပါ။

၂။ ဆိုင်ရဲ့ အချက်အလက်

app ထဲမှာ သင် ထည့်တဲ့ အချက်အလက်တွေကို သိမ်းပါတယ်:

ဒီအချက်အလက်တွေကို app အလုပ်လုပ်ဖို့ (ဖုန်းတွေကြား ချိန်ကိုက်ဖို့၊ ဖုန်းအသစ်မှာ ဆိုင်ကို ပြန်ဖွင့်ဖို့) သာ သုံးပါတယ်။ ဖောက်သည်တွေရဲ့ အချက်အလက်ကို သင့်ဆိုင်အတွက် သင့်ကိုယ်စား သိမ်းပေးတာ ဖြစ်ပါတယ်။ ဖောက်သည်တွေရဲ့ အချက်အလက်ကို ထည့်ခွင့် ရှိမရှိ သင်ကိုယ်တိုင် တာဝန်ယူရပါမယ်။

အင်တာနက် မရတဲ့အချိန် ဆက်သုံးနိုင်ဖို့ ဒီအချက်အလက်တွေရဲ့ မိတ္တူကို သင့်ဖုန်းထဲမှာလည်း သိမ်းထားပါတယ်။

၃။ ဘယ်မှာ သိမ်းလဲ

၄။ app ပျက်တဲ့အခါ (crash report)

app ရုတ်တရက် ပိတ်သွားရင် ပြင်နိုင်ဖို့ Google ရဲ့ Firebase Crashlytics ကို crash report ပို့ပါတယ်။ ဒီ report ထဲမှာ ဖုန်းအမျိုးအစား၊ Android/iOS ဗားရှင်း၊ app ဗားရှင်းနဲ့ ပျက်သွားတဲ့ code နေရာ ပါပါတယ်။ ဖောက်သည်အမည်၊ ဖုန်းနံပါတ်တွေကို မပို့ပါ။

၅။ ကျွန်ုပ်တို့ မလုပ်တာတွေ

၆။ အကောင့်နဲ့ အချက်အလက် ဖျက်ခိုင်းခြင်း

သင့်အကောင့်နဲ့ ဆိုင်ရဲ့ အချက်အလက် အားလုံးကို ဖျက်ခိုင်းချင်ရင် [email protected] ကို ZayPOS မှာ သုံးတဲ့ Google အီးမေးလ်ကနေ ဆိုင်အမည်နဲ့တကွ အီးမေးလ် ပို့ပါ။ သင်ပဲ ဟုတ်မဟုတ် စစ်ပြီးရင် ရက် ၃၀ အတွင်း ဆာဗာကနေ ဖျက်ပေးပြီး အကြောင်းပြန်ပါမယ်။ backup တွေထဲမှာ ကျန်နေတဲ့ မိတ္တူတွေကတော့ နောက်ထပ် ရက် ၃၀ အတွင်း အလိုအလျောက် ပျက်သွားပါမယ်။ ဖုန်းထဲက မိတ္တူကို app ကို uninstall လုပ်ရင် ဖျက်ပြီးသား ဖြစ်ပါတယ်။

သင့်အချက်အလက်ရဲ့ မိတ္တူ လိုချင်ရင်လည်း ဒီအီးမေးလ်ကိုပဲ ပို့ပါ။

၇။ ကလေးများ

ZayPOS က ဆိုင်ရှင်တွေအတွက် ဖြစ်ပြီး ကလေးများအတွက် မဟုတ်ပါ။

၈။ ဒီမူဝါဒ ပြောင်းလဲခြင်း

app ပြောင်းလဲတဲ့အခါ (ဥပမာ နောင်မှာ ဖုန်းနံပါတ်ကို SMS နဲ့ အတည်ပြုတာ ထည့်ရင်) ဒီစာမျက်နှာကို ပြင်ပြီး အပေါ်က ရက်စွဲကို ပြောင်းပါမယ်။

ဆက်သွယ်ရန်

[email protected]

English

Privacy policy

Last updated: 19 November 2026

This page explains what the ZayPOS app collects, what it is used for, where it is stored, and how to ask us to delete it.

1. Signing in with Google

You sign in to ZayPOS with your Google account. Google gives us your name, email address and Google account ID. Our server stores your Google account ID (to know who you are) and your email address (to find your account when you ask for help). We never see or store your Google password.

2. Your shop's data

We store what you enter in the app:

We use this data only to run the app: to sync between your phones and to open your shop on a new phone. We store your customers' data on your behalf, for your shop. You are responsible for having the right to record your customers' details.

So that the app works without internet, a copy of this data is also kept on your phone.

3. Where it is stored

4. Crash reports

When the app crashes, it sends a crash report to Google's Firebase Crashlytics so that we can fix the problem. A report contains the phone model, Android/iOS version, app version and where in the code the crash happened. It does not contain customer names or phone numbers.

5. What we don't do

6. Deleting your account and data

To have your account and all of your shop's data deleted, email [email protected] from the Google email address you use in ZayPOS, and include your shop name. Once we have checked that the request comes from you, we will delete the data from our server within 30 days and reply to you. Copies left in backups are deleted automatically within a further 30 days. Uninstalling the app deletes the copy on your phone.

To get a copy of your data, email the same address.

7. Children

ZayPOS is meant for shop owners, not for children.

8. Changes to this policy

When the app changes (for example, if we later add phone number verification by SMS), we will update this page and the date at the top.

Contact

[email protected]